thePAY တွင် Mom's Touch ကူပွန် ငွေပေးချေဝယ်ယူနည်း
1.thePAY APP တွင် Mom's Touch အမျိုးအစားကို ရွေးချယ်ပြီး မိမိဖြည့်သုံးလိုသော တန်ဖိုးရှိ ကူပွန်ကို ရွေးချယ်ပါ။
2.ကူပွန်လက်ခံမည့် မိုဘိုင်းဖုန်းနံပါတ် (11 လုံး) ကို ထည့်သွင်းပြီး ငွေပေးချေမှုကို ဆက်လက်လုပ်ဆောင်ပါ။
3.Mom's Touch ကူပွန်ကို thePAY APP နှင့် သင်ထည့်သွင်းထားသော ဖုန်းနံပါတ်ရဲ့ SMS စာတိုမှတစ်ဆင့် ပေးပို့ပေးမည်ဖြစ်ပါသည်။
4.Mom's Touch လက်ဆောင်ကတ်နှင့် မိုဘိုင်းလဲလှယ်ခွင့်ကူပွန် (Gifticon) များကို တရားဝင် ဝက်ဘ်ဆိုက်/App မှတစ်ဆင့် မှာယူခြင်း၊ ဆိုင်သို့ ဖုန်းဖြင့် မှာယူခြင်း သို့မဟုတ် ဆိုင်သို့ ကိုယ်တိုင်သွားရောက်ရာတွင် အသုံးပြုနိုင်ပါသည်။
1.ဆိုင်သို့ လာရောက်အသုံးပြုခြင်း (Kiosk စက်နှင့် Counter)
• Kiosk စက်မှ မှာယူခြင်း
မီနူးကို ရွေးချယ်ပြီး ငွေပေးချေမှုအဆင့်တွင် "Mobile Coupon/Gifticon" ကို ရွေးချယ်ပါ။ ထို့နောက် စက်ရဲ့ Barcode Scan နေရာတွင် ကူပွန်ရဲ့ Barcode ကို စကင်ဖတ်ပါ။
• Counter တွင် မှာယူခြင်း
ငွေပေးချေမှု မပြုမီ ဝန်ထမ်းအား ကူပွန် Barcode ပါသော မျက်နှာပြင်ကို ပြသပြီး စကင်ဖတ်ပေးရန် ပြောဆိုပါ
• ထပ်ဆောင်းငွေပေးချေမှု
ကူပွန်တန်ဖိုးထက် ကျော်လွန်သော ငွေပမာဏအမျိုးအစားကိုမှာယူမိပါက Credit Card သို့မဟုတ် Check Card ဖြင့် ကွာဟချက်ငွေကို ပေးချေနိုင်ပါသည်။
Mom's Touch Official App မှ မှာယူခြင်း (Take-out / Delivery)
• စမတ်ဖုန်းတွင် Mom's Touch App ကို ဒေါင်းလုဒ်လုပ်ပြီး Login ဝင်ပါ။
• မှာယူမည့်ပုံစံ (Take-out သို့မဟုတ် Delivery) နှင့် ဆိုင်ကို ရွေးချယ်ပါ။
• ငွေပေးချေမှု စာမျက်နှာတွင် "Mobile Coupon (Gifticon)" ကို ရွေးချယ်ပြီး ကူပွန်နံပါတ်ကို ထည့်သွင်းခြင်း သို့မဟုတ် Barcode ကို စကင်ဖတ်ခြင်းဖြင့် အသုံးပြုနိုင်ပါသည်။

